အာလူးစားရင် ဝ လာမှာလား
အာလူစားတာ မဝစေပါဘူး။တစ်ခုတော့ ရှိတာပေါ့။ ဘယ်လို လုပ်စားတာလဲ ဆိုတာနဲ့ ဘယ်လို လုပ်စားလဲဆိုတဲ့အပေါ်မှာတော့ မူတည်မှာပေါ့။
By the way … အာလူးစားလို့ ဝစေတယ်ဆိုတဲ့ အတွေးတွေကို ဝဲလိုက်လို့ ရပါပြီ။ အာလူးကို သင့်တင့်တဲ့ အတိုင်းအတတာအတွင်းမှာ စားတာက ဝိတ်တက်စေမှာ မဟုတ်ပါဘူး။
အာလူးစားလို့ ဝိတ်တက်ခြင်း ဟုတ်/မဟုတ်
ကာလရှည်ကြာ လက်ခံလာတဲ့ အယူအဆက အာလူးစားတာက ကျန်းမာရေးနဲ့ မညီဘူး။ ဝိတ်တက်စေတယ်လို့ပေါ့။ ဒါဆိုရင်တော့ ပြန်ဖြေရှင်းချင်တာက ဝိတ်တက်ရတာ အာလူး စားလို့ မဟုတ်ဘူး ဆိုတာပါ။ အစားအသောက်တွေတိုင်းက သူတို့ချည်းပဲတော့ ဝိတ်တက်တာ ဝိတ်ကျတာတွေ မဖြစ်စေပါဘူ။ အခြား တွဖက် စားသုံးတဲ့အရာတွေနဲ့ စားသုံးမှု ပမာဏတွေ ပုံစံတွေကြောင့် ဝိတ်တက်လာတာပါ။
အာလူးက သကြားဓာတ်ညွှန်းကိန်း တော်တော်လေး များပေမယ့် တစ်နေ့ကို တစ်နပ်လောက် ထည့်စားရုံနဲ့တော့ ဝိတ်မတက်စေပါဘူး။ ကျန်းမာစေတဲ့ အနေအထားပဲ ရှိမှာပါ။ အာလူးက အသီးအရွက်တွေထဲက တစ်မျိုးပဲ ဖြစ်တာကြောင့် သင့်တင့်တဲ့ ပမာဏကို မှန်ကန်တဲ့ နည်းလမ်းနဲ့ စားမယ်ဆိုရင် ဝိတ်တက်စေဖို့ ထောက်ကူပေးမှာပါ။
အာလူးမှာ ကစီဓာတ်၊ အမျှင်ဓာတ်တွေ ပါဝင်နေသလို ဗီတာမင် စီ၊ ဗီတာမင် ဘီဆစ်၊ ပိုတက်ဆီယမ်၊ ပရိုတင်း၊ မဂ္ဂနီဆီယမ်၊ ဖောစဖရိတ်၊ နီကာဆင် ဖောလိတ်တို့ ပါဝင်နေတာပါ။
အာလူးစားရင်း ကျန်းမာပါ
အာလူးက ဝိတ်မတက်စေတဲ့အပြင် ကျန်းမာရေးကိုလည်း အခုလို အထောက်အကူပြုပေးပါသေးတယ်။
- အစာအိမ်အူလမ်းကြောင်း ကျန်းမာစေတယ်
အာလူးက အမျှင်ဓာတ် ပြည့်ဝတာကြောင့် ဝမ်းမှန်စေဖို့ အူနံရံတွေ ကျန်းမာစေဖို့ရော လုပ်ဆောင်ပေးပါတယ်။ အူတွေလှုပ်ရှားမှု ကောင်းစေဖို့ရော အာဟာရစုပ်ယူနိုင်စွမ်း တိုးစေဖို့ပါ လုပ်ဆောင်ပေးပါတယ်။
- ရောဂါဆိုးတွေ ကာကွယ်ပေးတယ်
အာလူးမှာ အင်ဒီဆောက်ဆီးဒင့် ပါဝင်နေတာက ဆဲလ်တွေ မပျက်စီးစေဖို့ ကာကွယ်ပေးသလို အာလူးခွံမှာပါတဲ့ ဓာတ်တစ်မျိုးက နာတာရှည်ရောဂါတွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်။
- သွေးတိုးကျစေတယ်
ပိုတက်ဆီယမ် နဲ့ ကယ်လ်ဆီယမ် ပြည့်ဝစွာ ပါဝင်နေတဲ့ အာလူးလေးရဲ့ နောက်ထပ် ဂုဏ်သတ္တိ တစ်ခုကတော့ သွေးတိုးကျစေတာပါပဲ။ သွေးတိုးတတ်သူတွေ စားပေးသင့်ပါတယ်။
ဗီတာမင် စီ နဲ့ ပရိုတင်း ပါဝင်နေတဲ့ အာလူးကတော့ ကိုယ်ခံအားကို ထိထိရောက်ရောက် အားဖြည့်ပေးရင်း ဖျားနာမှု ကင်းစေဖို့ ထောက်ကူပေးမှာပါ။
- နှလုံး ကျန်းမာစေတယ်
ပိုတက်ဆီယမ် ပါဝင်မှုက သွေးပေါင်ချိန်ကို ထိန်းညှိပေးပြီး သွေးကြောတွေကို ပြေလျော့စေနိုင်တာကြောင့် နှလုံးရဲ့ သွေးလည်ပတ်မှုကို ကောင်းစေပြီး နှလုံး ကျန်းမာစေဖို့ လုပ်ဆောင်ပေးပါတယ်။
- အရိုးသန်မာစေတယ်
အာလူးမှာ ကယ်လ်ဆီယမ် ပါဝင်နေတာကြောင့် အရိုးတွေကို အားဖြည့်ပေးသလို ပရိုတင်းပါဝင်နေတာကလည်း အရိုးသိပ်သည်းဆ ကောင်းစေပါတယ်။ ဒီတော့ အရိုးတွေ သန်မာချင်တယ်ဆိုရင် အာလူး စားပေးပါ။
- အသားအရေ လှစေတယ်
အဖြစ်များတဲ့ အရေပြား ပြဿနာ ဝက်ခြံ နဲ့ ဝက်ခြံ အမာရွတ်တွေ သက်သာစေဖို့ အာလူး စားပေးလို့ရပါတယ်။ အသားအရေ လှပစေဖို့ အာလူးက ဆေးစွမ်းကောင်း တစ်လက်ပါ။
အာလူးက ဝိတ်မတက်စေပါဘူး။ နည်းမှန်လမ်းမှန် စားမယ်ဆိုရင် အခုလို ကျန်းမာရေးကိုပါ အဆစ်ရဦးမှာနော်။
မွန်မွန်